BUILD WITH QUALITY, RELY ON US
TWJS ကုမ္ပဏီလီမိတက်ကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရည်အသွေးမြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အဆင့်မြင့်အိမ်သာနှင့်ရေချိုးခန်းသုံးပစ္စည်းများ၊ ကြွေပြားများနှင့် အခြားသော ဆက်စပ်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချပေးနေသော ယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခု အဖြစ်ရပ်တည်နေပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်သုံးခုအတွင်း ကျွန်ုပ်တို့သည် တာရှည်ခံသော၊ ရေရှည်အသုံးပြုနိုင်သော ပရီမီယံထုတ်ကုန်များကို ဈေးကွက်အတွင်း ပံ့ပိုးပေးသည့်အတွက် ခိုင်မာသောဂုဏ်သတင်းကိုလည်း ရရှိထားပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ကတိကဝတ်သည် အရည်အသွေးပြည့်မီသော ပစ္စည်းကိုဖြန့်ဖြူးပေးနေသည်သာမက ဝယ်ယူသုံးစွဲသူများ၏ ခြေလှမ်းတိုင်းကို ပံ့ပိုးပေးသည့် ထူးခြားသောဝန်ဆောင်မှုကို ပေးဆောင်ရန် လေးလေးနက်နက် ရည်စူးပါသည်။
TWJS တွင် ဆောက်လုပ်ရေးပရောဂျက်တစ်ခု၏အောင်မြင်မှုသည် မှန်ကန်ကောင်းမွန်သောပစ္စည်းများရှိရုံသာမက ယုံကြည်စိတ်ချရသော၊ အချိန်နှင့်တစ်ပြေးညီ တတ်သိနားလည်သော ပံ့ပိုးကူညီမှုများရရှိခြင်း လိုအပ်သည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ TWJS မှ ဝယ်ယူသုံးစွဲသူများသည် အကောင်းဆုံးသော အကြံဉာဏ်များ၊ မြန်ဆန်သောကုန်ပစ္စည်းပေးပို့မှုနှင့် after-sales ဝန်ဆောင်မှုများ ရရှိမည်ကို ကျွန်ုပ်တို့အာမခံပါသည်။ အဆောက်အဦးအသစ်ဆောက်လုပ်ခြင်း၊ ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အဆောက်အဦး အတွင်းပိုင်းပြန်လည် မွန်းမံအလှဆင်ခြင်းများအတွက် သင်၏ပရောဂျက်လိုအပ်ချက်များကို မှန်ကန်သောကုန်ပစ္စည်းများ ရွေးချယ်ခြင်းနှင့် ကျွမ်းကျင်မြန်ဆန်သောနည်းလမ်းတွေကို အကြံပြုနိုင်ရန် ကျွန်တော်တို့၏ အရောင်းကိုယ်စားလှယ်များက ပံ့ပိုးပေးပါမည်။
ရိုးရှင်းသော ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ပြီး အောင်မြင်သော ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်တည်ရန်အတွက် ပရီမီယံပစ္စည်းများနှင့် အကောင်းဆုံးသော ဝန်ဆောင်မှုကို ထောက်ပံ့ပေးပြီး မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်းနှင့် ဆောက်လုပ်ရေးအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ လူနေအိမ်ရာမှ စီးပွားရေးလုပ်ငန်းအဆောက်အအုံများအထိ ပရောဂျက်တစ်ခု၏ မည်သည့်အဆင့်တွင်မဆို ကူညီပေးရာတွင် ယုံကြည်စိတ်ချရသော စီးပွားရေးမိတ်ဖက်အဖြစ် ကျွန်ုပ်တို့အမြဲ ကြိုးစားအားထုတ်လျှက်ရှိပါသည်။ သင်၏ပရောဂျက်ကို ချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်စေရန်အတွက် ကျွန်ုပ်တို့၏ အရောင်းကိုယ်စားလှယ်များမှ သင့်အား ကူညီရန် အမြဲအဆင်သင့်ရှိနေပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ရာတွင် သင်၏မိတ်ဖက်အဖြစ် TWJS ကို ရွေးချယ်သည့်အတွက် ကျေးဇူးတင်ပါသည်။

